ခမေ့်င်္တင်း

Tuesday, January 1, 2008

ကျန်းမာရေးဝန်ကြိးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မပါသော ရေသန့်များ ဈေးကွက်အတွင်း တွင်ကျယ်နေ

တောင်ကြီးမြို့တွင် ရေသန့်လုပ်ငန်း (၈)ခု ရှိသည့် အနက် တ၀က်ခန့်မှာ ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအ သောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ ထောက်ခံချက် မရှိသော ရေသန့် ဖြစ်ကြောင်း တွေ့ရသည်။ တချို့သော ရေသန့်များမှာ ထောက်ခံချက် မရှိသော်လည်း ထောက်ခံချက်ရှိ သယောင် ထောက်ခံချက်နံပါတ် အတုများကို ရေသန့်ဘူး၏ တံဆိပ်တွင် ရဲတင်းစွာ တပ်ဆင် အသုံးပြုနေကြောင်းကို တွေ့နေရသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ကလည်း ထိုကဲ့သို့ ထောက်ခံချက် မရှိသော ရေသန့်များသည် အများ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင် သဖြင့် မသောက်သုံး ကြပါရန်နှင့် ထောက်ခံချက်မရှိဘဲ ထုတ်လုပ် သူများကို တရား ဥပဒေနှင့် အညီ အရေးယူမည် ဖြစ်ကြောင်းကို အသိပေးထားသည်။

ရှမ်းနှစ်သစ်ကူးကို ပန်လှိုင်းဆိုင်ကျေးရွာတွင်ကျင်းပ

ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပန်လှိုင်းဆိုင် (ပ၊ခ်ေင်္လင်းသွ်) ကျေးရွာတွင် ဒီဇင်ဘာလ (၉-၁၀) ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ပွဲကို အမ်တီအေ အလင်းဝင် မတ်ကျန်း အထူးဒေသမှ ဦးစီး၍ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး လူပေါင်း(၅၀၀၀)ခန့် ၀င်ရောက် ဆင်နွှဲခဲ့သည်။

Labels:

Thursday, December 27, 2007

ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြကျေးရွာတွင် ရှမ်းကောက်သစ်စားပွဲကျင်းပ

ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြ ကျေးရွာတွင် ရှမ်းကောက်သစ် စားပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ ကောက်သစ် စားပွဲကို (24.12.2007)တွင် ကျင်းပခဲ့ပြီး ပုံးအင်းဒေသနှင့် နမ့်ခုတ်ဒေသ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ၏ ဦးဆောင် မှုဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပွဲသို့ အဆိုတော်များဖြစ်ကြသည့် စိုင်းတူးအွန်၊စိုင်းမွန်းဆိုင်ဖ တို့လာရောက် ဖျော်ဖြေသွား ကြောင်း သိရသည်။

Labels:

တောင်ကြီးကတ္ကသိုလ် ဘွဲ့နှင်းသဘင် ၂၀၀၈၊ဇန်န၀ါရီလ ၁ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ခြင်း

တောင်ကြီး ကက္ကသိုလ်၏(15) ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို မူလက (29-30.12.2007)တွင် ကျင်းပ မည်ဟု ကြေငြာထားသော်လည်း ပါမ္ခောချုပ် နေပြည်တော်သို့ ခရီးလွန် နေသဖြင့်2008ခုနှစ်၊ ဇန်န၀ါရီလ (1-2)ရက် သို့ ပြောင်းရွှေ့ လိုက်ကြောင်း သိရသည်။
သိပ်ပံဘွဲ့ကို 2008 ဇန်န၀ါရီ(1)ရက် တွင်၎င်း၊ ၀ိဇာဘွဲ့ကို 2008ဇန်န၀ါရီ(2)တွင် ၄င်းရယူမည် ဖြစ်ကြောင်း လက်ဆင့် ကမ်းလိုက်သည်။

Labels:

Thursday, December 13, 2007

စုံညီနွှဲပျော် နှစ်သစ်ကူးပွဲတော်

ဘာလိုလိုနဲ့ရှမ်းသက္ကရာဇ် ၂၁၀၂ထဲကို ရောက်တော့မည်။
ယနေ့(၉.၁၂.၂၀၀၇) တွင် နံနက်(၁၀) နာရီ၌ ရေအေးကွင်းရပ် ကျိုင်းတုံ ဘုန်းကြီးကျောင်းမှ ရှမ်းစာပေနှင့် ယဉ် ကျေးမှုအသင်း၊ တောင်ကြီးသို့ ကထိန်လှည့်လည် မည်ဖြစ်သည်။ မူလတွင် ဖိတ်စာ၌ရှမ်းစာပေမှကျိုင်းတုံ ကျောင်းသို့ သွားကန်တော့မည်ဟု ရေးထားသော်လည်း သိပ်အဆင်မပြေ သောကြောင့် ပွဲဖြစ်မြောက်ရေး ကော်မတီမှ အစီအစဉ် ပြန်ပြောင်း လိုက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ရှမ်းကျောင်းမှ ကျိုင်းတုံကျောင်းသို့ သွားကြပါသည်။ ကျောင်းရောက်သွားတော့ (၁၀း၁၅)ရှိနေပြီ။ ကထိန်ပင်တွေကို စနစ်တကျ တန်းစီဖို့အတွက် ဦးစာရေး စိုးမြင့် တစ်ယောက် ပြန်ကြားရေးယာဉ်ပေါ်မှ အော်လံဖြင့် အလုပ်ရူပ်နေသည် ကိုတွေ့ရသည်။ပြန်ကြား ရေးယာဉ်ကတော့ ကထိန်ပင်များ တန်းစီထားရာ အစအဆုံးကို ဆင်းလိုက် တက်လိုက်နှင့် ------။ နံနက် (၁၀း၃၅)ရှိပါပြီ----။ ကထိန်ပင်များမထွက်သေးပါ။ အဝေးရွာများမှ ကထိန်ပင်များကို စောင့်ဆိုင်း နေခြင်းဖြစ်ပါ သည်။ နေ့လည်(၁၂း၀၅)တွင် ကထိန်ပင် စုံပြီဖြစ်၍ ကျိုင်းတုံကျောင်း မှ စတင်ထွက်ခွာ လာခဲ့ပါသည်။
ကထိန်ပင် လှည့်လည်ရာတွင် စီတန်းပုံမှာ ရှေ့တွင် ဆိုင်ကယ်(၃)စီးတတန်းနှင့် နောက်၌ “ရှမ်းနှစ်သစ်ကူးအား ကြိုဆိုပါ၏” ဟူသော ခေါင်းစည်းဆိုင်းဘုတ်ကို ကိုင်ထားသော လူငယ်နှစ်ဦး-----၄င်းတို့နောက်တွင် မြို့၊ကျေးရွာ၊ရပ်ကွက်၊ များ၏ကထိန်ပင်များနှင့် လှည့်လည်ကြသော လူများတို့ကိုတွေ့ရသည်။ကထိန်လှည့် လည်သော လူအင်အားမှာ (၂၂၀၀)ကျော်ခန့်ရှိကာ ကျိုင်းတုံကျောင်း မှ ရေထွက်ဦးလမ်း အတိုင်းဆင်းလာပြီး အရှေ့မြို့ပတ်လမ်းအား ဖြတ်ကာ ကုန်သည်လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမ အတိုင်း ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်းတိုက်သွားကြသည်။
ကုန်သည်လမ်း အရောက်တွင် ပြန်ကြားရေး ယာဉ်ပေါ်မှ အော်လံဖြင့် ဆိုင်ကယ်များ စနစ်တကျတန်းစီဖို့ အသံချဲ့ စက်ဖြင့်အော်နေသံကိုကြားရပါသည်။ ဟုတ်ပါသည်- ----ကထိန်ပင်များ လှည့်ရာသို့ နောက်မှ ၀င်ရောက်လာ သော ဆိုင်ကယ်များ တစ်ဖက်ယာဉ်ကြောကို ပိတ်ထား သောကြောင့် ဖြစ်ပါသည်။ ကုန်သည်လမ်း အားဖြတ်၍ ဘယ်ဖက်ချိုးပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း ဆက်၍ တက်သွား ပါသည်။ လမ်းတွင်ကထိန်ပင်အား လာကြည့်ကြသော လူများဖြင့် ပြည့်နေသည်ကိုတွေ့ရသည်။ တစ်ချို့ဆိုင် များကလည်း ရေ၊ချိုချဉ်များဖြင့် ဒါနပြုကြသည်။ တစ်ချို့သော ကထိန်ပင်အဖွဲ့များသည် အိုးစည်ဗုံမောင်းတီးကာ ပျော်ရွင်စွာ ကနေကြသည်ကို အားကျဖွယ်တွေ့မြင်ရပြန်သည်။ ညနေ(၃း၃၅) ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတိုက် သို့ရောက်ပါပြီ------ -အသင်းတိုက်၏ ရှေ့တွင် ကထိန်ပင်အား ကြိုဆိုရန်စောင့်နေသော လူကြီများ ကိုတွေ့ရသည်။ ကထိန်ပင်အား ကြိုဆိုအပြီး အသင်းတိုက်၏ရှေ့တွင် အိုးစည်ဗုံမောင်းတီးကာ ပျော်ရွင်စွာကကြပါတော့သည်။
ညပိုင်းတွင် တောင်ကြီး ဆောင်းတွင်း၏ အအေးဓါတ်ကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းသော အချမ်း ဒဏ်ကိုခံစား ရပြန်ပြီး ဖျော်ဖြေရေးစင်မြင့် ပေါ်တွင် နှင်းများကျသော ကြောင့် အောက်အခင်းမိုးကာများစိုစွတ် နေသည်ကို တွေ့ရသည်။ အသင်းတိုက်၏ ၀င်းထဲတွင် ၀င်ရထွက်ရခက် လောက်အောင် လူများဖြင့် ပြည့်နေပါသည်။
ဝမ်းနည်းစရာကောင်းတာတခုကတော့---ပွဲသို့လာကြသော လူ၏၄၀ရာခိုင်နှုန်းခန့်သည် မိမိတို့၏ရိုးရာ အ၀တ်အစားများ ကိုဝတ်မလာကြခြင်း ဖြစ်သည်။ ဂျင်းဘောင်းဘီ၊ စတိုင်ဘောင်းဘီများကိုသာ ၀တ်လာ ကြသည် ကိုတွေ့ရသည်။ ရိုးရာဝတ်စုံအပြည့်မဟုတ်ချင်နေ အနည်းဆုံးတော့ ရှမ်းဘောင်းဘီကိုတော့ဝတ်လာ သင့်သည်။ ၉.၁၂.၀၇(ည-၁၁း၃၅)ရှိနေပြီ----ဖက်ရှင်ရိုးများစတင်၍ လျှောက်နေကြပြီဖြစ်သည်။ ဤတွင် ဆစ်ဆောင်ပနား ၀တ်စုံနှင့် ကောင်လေးမှာ တော်တော်လေး ကိုချမ်းနေသည့် ပုံပေါ်နေသည်။ဟုတ်ပါလိမ့် မည်---
ခဏ အကြာတွင် မီးရူးမီးပန်းများကို လွှတ်နေသောကြောင့် စင်မြင့်ပေါ်မှ ပြန်ကြားရေးလူကြီးတစ်ဦးကစင်မြင့် ပေါ် မှနေ၍ မိုက်ဖြင့် မီးရူး မီးပန်းများကို အချိန်မတိုင်မီ မပစ်ဖောက်ကြဖို့ မေတ္တာရပ်ခံသံကို လည်းကြားရသည်။
ည (၁၁း၅၁)ရှိပါပြီ------- နှစ်သစ်ကိုရောက်ဖို့ ၉မိနစ်သာ ကျန်ပါသည်။ ဖက်ရှင်ရိုးများပြီး ဆုံးပါသွားပါပြီ။ နှစ်သစ်ကို ကြိုဆိုဖို့ပြင်ကြ ပါတော့သည်။ ၁၂း၀၀ တိတိထိုးသွားချိန်မှာတော့ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် မီးရူး မီးပန်းများ ပစ်ဖောက်၍ တပျော်တပါး ကကြပါတော့ သည်။ရှမ်းသက္ကရာဇ် (၂၁၀၂)သို့ရောက်ရှိသွားပြီ ဖြစ်သည်။
ပွဲကို (၁၀.၁၂.၂၀၀၇)နံနက် (၁း၀၀)တွင်သိမ်းလိုက်ပါသည်။ မနက်ဖြန်တွင် အဆို၊အကများဖြင့် ဆက်လက် ဖျော်ဖြေမည်ဖြစ်သည်ဟုသိရသည်။
ဒါကတော့ ကျွန်တော့်ရဲ့ တောင်ကြီးမြို့ ရှမ်းနှစ်သစ်ကူး အတွေ့အကြုံကို ဤစာဖတ်သူအပေါင်းတို့ကို မျှဝေ ခံစား ပေးလိုက်ခြင်း ဖြစ်သည်။
ရှ်;တ'းရှဝ်းခိုခေ်;ယ်ွ,မ်ွ,သုင် သေဂမ်းခု;---------------

Labels:

Saturday, December 8, 2007

ရှမ်းနှစ်သစ်ကူးအကြို ရှမ်းကထိန်လှည့်လည်ခြင်း(တောင်ကြီး)

ရှမ်းနှစ်သစ်ကူး အကြို ရှမ်းကထိန် လှည့်လည်ခြင်းကို(၉.၁၂.၂၀၀၇) တောင်ကြီးမြို့ ကျိုင်းတုံကျောင်းတိုက်၌ နံနက်(၁၀) နာရီတွင် ကထိန်ပင်များ စုရုံး၍ ရှမ်းစာပေနှင်. ယဉ်ကျေးမှု အသင်းတိုက် သို.ရေထွက်ဦးလမ်း၊ အရှေ.မြို့ပတ်လမ်း၊ ကုန်သည်လမ်း ၊ ဗိုလ်ချုပ်အောင် ဆန်းလမ်းအတိုင်း ကထိန်ပင်များလှည်.လည်ခဲ့ကြသည်။
ကထိန် လှည့်လည်ရာတွင် လူပေါင်း (၂၂၀၀) ကျော်ခန့်၊ ပါဝင်ခဲ့ကြပြီး၊လှည့်လည်ခဲ့ကြသော ကထိန်ပင်များမှာ- ရွှေပြည်အေး(SPA)အဖွဲ.၊ ဦးကြီးခမ်းလူငယ်အဖွဲ့၊ တောင်ကြီးမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုလူငယ်များ အဖွဲ.၊အေးယာသာအဖွဲ့၊ ပေါက်မိုင်လုံ လူငယ်အဖွဲ.၊ ဟိုပုံးမြို့. ရှမ်းစာပေနှင်. ယဉ်ကျေးမှုအဖွဲ.၊ပုံးအင်း ဒေသ စာပေနှင်. ယဉ်ကျေးမှုအဖွဲ.၊ အင်းလေး ဒေသရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ.၊နောင်ကာဖိတ် ရှမ်းစာပေနှင်. ယဉ်ကျေးမှုအဖွဲ.၊ ဆိုင်လေး၊ နမ်.ခုတ် ရှမ်းစာပေနှင်.ယဉ်ကျေးမှုအဖွဲ.၊ တွန်တီးခမ်း အဖွဲ့၊၀မ်နမ်.အွန် အဖွဲ.၊ နောင်မွန်မြို့ဟောင်း အဖွဲ. တို.ဖြစ်ကြသည်။

Labels:

ရှမ်းနှစ်သစ်ကူးအကြိုညစာစားပွဲ(8.12.2007)-6း00PM

ရှမ်းပြည်နယ်၊ တောင်ကြီးမြို. ရှမ်းနှစ်ကူး အကြိုညစာစားပွဲကို ရှမ်းစာပေနှင်. ယဉ်ကျေးမှု ခန်းမတွင်(8.12.2007) နေ. ညနေ(၆း၀၀) နာရီတွင် ကျင်းပခဲ့သည်။ အဆိုပါ ညစာစားပွဲကို (2102) ခုနှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်ဖြစ် မြောက်ရေး အဖွဲ. ဦးစီး၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ရှမ်းစာပေနှင်. ယဉ်ကျေးမှု လူငယ် မောင်မယ်များက အဆို၊ အကများ ဖြင့် ဖျော်ဖြေခဲ့သည်။

Labels: