ခမေ့်င်္တင်း

Thursday, December 13, 2007

စုံညီနွှဲပျော် နှစ်သစ်ကူးပွဲတော်

ဘာလိုလိုနဲ့ရှမ်းသက္ကရာဇ် ၂၁၀၂ထဲကို ရောက်တော့မည်။
ယနေ့(၉.၁၂.၂၀၀၇) တွင် နံနက်(၁၀) နာရီ၌ ရေအေးကွင်းရပ် ကျိုင်းတုံ ဘုန်းကြီးကျောင်းမှ ရှမ်းစာပေနှင့် ယဉ် ကျေးမှုအသင်း၊ တောင်ကြီးသို့ ကထိန်လှည့်လည် မည်ဖြစ်သည်။ မူလတွင် ဖိတ်စာ၌ရှမ်းစာပေမှကျိုင်းတုံ ကျောင်းသို့ သွားကန်တော့မည်ဟု ရေးထားသော်လည်း သိပ်အဆင်မပြေ သောကြောင့် ပွဲဖြစ်မြောက်ရေး ကော်မတီမှ အစီအစဉ် ပြန်ပြောင်း လိုက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ရှမ်းကျောင်းမှ ကျိုင်းတုံကျောင်းသို့ သွားကြပါသည်။ ကျောင်းရောက်သွားတော့ (၁၀း၁၅)ရှိနေပြီ။ ကထိန်ပင်တွေကို စနစ်တကျ တန်းစီဖို့အတွက် ဦးစာရေး စိုးမြင့် တစ်ယောက် ပြန်ကြားရေးယာဉ်ပေါ်မှ အော်လံဖြင့် အလုပ်ရူပ်နေသည် ကိုတွေ့ရသည်။ပြန်ကြား ရေးယာဉ်ကတော့ ကထိန်ပင်များ တန်းစီထားရာ အစအဆုံးကို ဆင်းလိုက် တက်လိုက်နှင့် ------။ နံနက် (၁၀း၃၅)ရှိပါပြီ----။ ကထိန်ပင်များမထွက်သေးပါ။ အဝေးရွာများမှ ကထိန်ပင်များကို စောင့်ဆိုင်း နေခြင်းဖြစ်ပါ သည်။ နေ့လည်(၁၂း၀၅)တွင် ကထိန်ပင် စုံပြီဖြစ်၍ ကျိုင်းတုံကျောင်း မှ စတင်ထွက်ခွာ လာခဲ့ပါသည်။
ကထိန်ပင် လှည့်လည်ရာတွင် စီတန်းပုံမှာ ရှေ့တွင် ဆိုင်ကယ်(၃)စီးတတန်းနှင့် နောက်၌ “ရှမ်းနှစ်သစ်ကူးအား ကြိုဆိုပါ၏” ဟူသော ခေါင်းစည်းဆိုင်းဘုတ်ကို ကိုင်ထားသော လူငယ်နှစ်ဦး-----၄င်းတို့နောက်တွင် မြို့၊ကျေးရွာ၊ရပ်ကွက်၊ များ၏ကထိန်ပင်များနှင့် လှည့်လည်ကြသော လူများတို့ကိုတွေ့ရသည်။ကထိန်လှည့် လည်သော လူအင်အားမှာ (၂၂၀၀)ကျော်ခန့်ရှိကာ ကျိုင်းတုံကျောင်း မှ ရေထွက်ဦးလမ်း အတိုင်းဆင်းလာပြီး အရှေ့မြို့ပတ်လမ်းအား ဖြတ်ကာ ကုန်သည်လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမ အတိုင်း ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်းတိုက်သွားကြသည်။
ကုန်သည်လမ်း အရောက်တွင် ပြန်ကြားရေး ယာဉ်ပေါ်မှ အော်လံဖြင့် ဆိုင်ကယ်များ စနစ်တကျတန်းစီဖို့ အသံချဲ့ စက်ဖြင့်အော်နေသံကိုကြားရပါသည်။ ဟုတ်ပါသည်- ----ကထိန်ပင်များ လှည့်ရာသို့ နောက်မှ ၀င်ရောက်လာ သော ဆိုင်ကယ်များ တစ်ဖက်ယာဉ်ကြောကို ပိတ်ထား သောကြောင့် ဖြစ်ပါသည်။ ကုန်သည်လမ်း အားဖြတ်၍ ဘယ်ဖက်ချိုးပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း ဆက်၍ တက်သွား ပါသည်။ လမ်းတွင်ကထိန်ပင်အား လာကြည့်ကြသော လူများဖြင့် ပြည့်နေသည်ကိုတွေ့ရသည်။ တစ်ချို့ဆိုင် များကလည်း ရေ၊ချိုချဉ်များဖြင့် ဒါနပြုကြသည်။ တစ်ချို့သော ကထိန်ပင်အဖွဲ့များသည် အိုးစည်ဗုံမောင်းတီးကာ ပျော်ရွင်စွာ ကနေကြသည်ကို အားကျဖွယ်တွေ့မြင်ရပြန်သည်။ ညနေ(၃း၃၅) ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတိုက် သို့ရောက်ပါပြီ------ -အသင်းတိုက်၏ ရှေ့တွင် ကထိန်ပင်အား ကြိုဆိုရန်စောင့်နေသော လူကြီများ ကိုတွေ့ရသည်။ ကထိန်ပင်အား ကြိုဆိုအပြီး အသင်းတိုက်၏ရှေ့တွင် အိုးစည်ဗုံမောင်းတီးကာ ပျော်ရွင်စွာကကြပါတော့သည်။
ညပိုင်းတွင် တောင်ကြီး ဆောင်းတွင်း၏ အအေးဓါတ်ကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းသော အချမ်း ဒဏ်ကိုခံစား ရပြန်ပြီး ဖျော်ဖြေရေးစင်မြင့် ပေါ်တွင် နှင်းများကျသော ကြောင့် အောက်အခင်းမိုးကာများစိုစွတ် နေသည်ကို တွေ့ရသည်။ အသင်းတိုက်၏ ၀င်းထဲတွင် ၀င်ရထွက်ရခက် လောက်အောင် လူများဖြင့် ပြည့်နေပါသည်။
ဝမ်းနည်းစရာကောင်းတာတခုကတော့---ပွဲသို့လာကြသော လူ၏၄၀ရာခိုင်နှုန်းခန့်သည် မိမိတို့၏ရိုးရာ အ၀တ်အစားများ ကိုဝတ်မလာကြခြင်း ဖြစ်သည်။ ဂျင်းဘောင်းဘီ၊ စတိုင်ဘောင်းဘီများကိုသာ ၀တ်လာ ကြသည် ကိုတွေ့ရသည်။ ရိုးရာဝတ်စုံအပြည့်မဟုတ်ချင်နေ အနည်းဆုံးတော့ ရှမ်းဘောင်းဘီကိုတော့ဝတ်လာ သင့်သည်။ ၉.၁၂.၀၇(ည-၁၁း၃၅)ရှိနေပြီ----ဖက်ရှင်ရိုးများစတင်၍ လျှောက်နေကြပြီဖြစ်သည်။ ဤတွင် ဆစ်ဆောင်ပနား ၀တ်စုံနှင့် ကောင်လေးမှာ တော်တော်လေး ကိုချမ်းနေသည့် ပုံပေါ်နေသည်။ဟုတ်ပါလိမ့် မည်---
ခဏ အကြာတွင် မီးရူးမီးပန်းများကို လွှတ်နေသောကြောင့် စင်မြင့်ပေါ်မှ ပြန်ကြားရေးလူကြီးတစ်ဦးကစင်မြင့် ပေါ် မှနေ၍ မိုက်ဖြင့် မီးရူး မီးပန်းများကို အချိန်မတိုင်မီ မပစ်ဖောက်ကြဖို့ မေတ္တာရပ်ခံသံကို လည်းကြားရသည်။
ည (၁၁း၅၁)ရှိပါပြီ------- နှစ်သစ်ကိုရောက်ဖို့ ၉မိနစ်သာ ကျန်ပါသည်။ ဖက်ရှင်ရိုးများပြီး ဆုံးပါသွားပါပြီ။ နှစ်သစ်ကို ကြိုဆိုဖို့ပြင်ကြ ပါတော့သည်။ ၁၂း၀၀ တိတိထိုးသွားချိန်မှာတော့ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် မီးရူး မီးပန်းများ ပစ်ဖောက်၍ တပျော်တပါး ကကြပါတော့ သည်။ရှမ်းသက္ကရာဇ် (၂၁၀၂)သို့ရောက်ရှိသွားပြီ ဖြစ်သည်။
ပွဲကို (၁၀.၁၂.၂၀၀၇)နံနက် (၁း၀၀)တွင်သိမ်းလိုက်ပါသည်။ မနက်ဖြန်တွင် အဆို၊အကများဖြင့် ဆက်လက် ဖျော်ဖြေမည်ဖြစ်သည်ဟုသိရသည်။
ဒါကတော့ ကျွန်တော့်ရဲ့ တောင်ကြီးမြို့ ရှမ်းနှစ်သစ်ကူး အတွေ့အကြုံကို ဤစာဖတ်သူအပေါင်းတို့ကို မျှဝေ ခံစား ပေးလိုက်ခြင်း ဖြစ်သည်။
ရှ်;တ'းရှဝ်းခိုခေ်;ယ်ွ,မ်ွ,သုင် သေဂမ်းခု;---------------

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home