ခမေ့်င်္တင်း

Tuesday, January 1, 2008

ကျန်းမာရေးဝန်ကြိးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မပါသော ရေသန့်များ ဈေးကွက်အတွင်း တွင်ကျယ်နေ

တောင်ကြီးမြို့တွင် ရေသန့်လုပ်ငန်း (၈)ခု ရှိသည့် အနက် တ၀က်ခန့်မှာ ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအ သောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ ထောက်ခံချက် မရှိသော ရေသန့် ဖြစ်ကြောင်း တွေ့ရသည်။ တချို့သော ရေသန့်များမှာ ထောက်ခံချက် မရှိသော်လည်း ထောက်ခံချက်ရှိ သယောင် ထောက်ခံချက်နံပါတ် အတုများကို ရေသန့်ဘူး၏ တံဆိပ်တွင် ရဲတင်းစွာ တပ်ဆင် အသုံးပြုနေကြောင်းကို တွေ့နေရသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ကလည်း ထိုကဲ့သို့ ထောက်ခံချက် မရှိသော ရေသန့်များသည် အများ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင် သဖြင့် မသောက်သုံး ကြပါရန်နှင့် ထောက်ခံချက်မရှိဘဲ ထုတ်လုပ် သူများကို တရား ဥပဒေနှင့် အညီ အရေးယူမည် ဖြစ်ကြောင်းကို အသိပေးထားသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home